မှော်နယ်မြေ သို့ ...
![Image](https://1.bp.blogspot.com/-KXKg6LW4VdY/Vh3wbEtGdkI/AAAAAAAABZ0/Oej_-sS4sKc/s1600/7844_542605722455665_1023056917_n.jpg)
မှော်နယ်မြေ သို့ ... အချိန်က မိုးရာသီ မိုးတွင်းကာလ ဖြစ်သည်၊ ညကတည်းက ရွာချ လိုက်သော မိုးသည် မနက်အထိ ရွာနေဆဲပင်၊ ချိုင့်ခွက်များနှင့် ကြမ်းတမ်းသော လမ်းမပေါ်တွင် ရေများပြည့်လျှံနေသည်၊ မနက် အိပ်ရာနှိုး မိုးလင်းခါစ အချိန် သူငယ်ချင်း ၃ ယောက် နဲ့ လုံးခင်းရွာထဲ သွားပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်၊ လုံးခင်းကျေးရွာ က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ထဲမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ရွာဖြစ်တယ်၊ လုံးခင်းကျေးရွာကို သွားမယ်ဆိုရင် မြစ်ကြီးနား ထိ ကားလမ်း၊ မီးရထားလမ်း၊ လေယာဉ် တို့နဲ့ သွားလို့ရတယ်၊ မီးရထားနဲ့ သွားမယ်ဆိုရင် မန္တလေး - မြစ်ကြီးနား ရထားစီးပြီး မိုးကောင်း ဘူတာ မှာ ဆင်းရသည်၊ မိုးကောင်း ရောက်မှ ကားနဲ့တစ်ဆင့် ၇နာရီ ၈နာရီလောက် မောင်းရင် လုံးခင်းကျေးရွာကိုရောက်သည်၊ ကျေးရွာဆိုပေမယ့် တော်တော်လေး စည်စည်ကားကား ရှိလှပါတယ်၊ သူငယ်ချင်း ၃ ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အသိမိတ်ဆွေတစ်ယောက်က မနေ့ည မိုးရွာတဲ့အချိန် ကျောက်တူးသွားတဲ့ သူတွေ ကမ်းပါးပြိုပြီး လူ ၁၀ ယောက်လောက်သေတယ်လို့ပြောတယ်၊ ကြားကြားချင်း စိတ်မကောင်းဖြစ်မိတယ်၊ ဒီနယ်မြေ ဒီဇာတိက လူတွေကတော့ ကမ်းပါးပြိုလို့ သေတယ်ဆိုတာ ထူးထူးဆန်းဆန်းမဟုတ်ပေမယ့် ကျွန်တ